ရန်ကုန်| ဖေဖော်ဝါရီ ၁၀
စစ်သုံပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သား အကျဉ်းသား ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ၎င်းတိုအားလုံးမှာ လွှတ်ပေးလိုရသည့် သုံပန်းများဖြစ်ကြောင်း အာရက္ခတပ်တော် AA မှ တာဝန်ရှိသူများက ပြောသည်။
သုံပန်း ၁၁၆ ဦးထဲမှာ အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတိုပါဝင်ပြီး အကျဉ်းသား ၂၆ ဦးက အမျိုးသားပဲဖြစ်ကြောင်း သိရသည်။
၎င်းတိုအားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နယ်မြေတွင် အခမ်းအနားနှင့်တကွ မိသားစုဝင်များထံသို လွှပြောင်းပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်။
အာရက္ခတပ်တော် AA က လွှတ်ပေးခဲ့သူများအားလုံးမှာ စစ်ကောင်စီ ထိန်းချုပ်မှု မရှိသည့် နေရာဒေသက ဖြစ်ကြောင်းလည်း သိရသည်။
AA နှင့် နီးစပ်သူတစ်ဦးက “အခု လွှတ်ပေးတဲ့သူတွေဟာ စစ်ကောင်စီ ထိန်းချုပ်ဒေသက မဟုတ်ဘူး။ စစ်ကောင်စီ ထိန်းချုပ်ဒေသက သူတွေကို မလွှတ်ပေးသေးတဲ့ သဘောပါ။ အဓိကတော့ လုံခြုံရေးအရပေါ့လေ။ လုံခြုံရေးဆိုတာက AA အတွက်ရော၊ လွတ်မြောက်သွားတဲ့သူတွေ အတွက်လည်းပါပါတယ်။ လွတ်သွားတဲ့သူတွေဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေကဆိုရင် သူတိုဟာ ပြန်လည် စစ်ဆေးမေးမြန်းခံရတာတွေနဲ့ အရေးယူခံရမှုတွေလည်း ခံရနိုင်ခြေရှိတာကြောင့် ထင်ပါတယ်” ဟု ပြောသည်။
နောက်ထပ်လည်း ပြန်လည်လွှတ်ပေး၍ရသည့် စစ်သုံပန်းများနှင့် အကျဉ်းသား များစွာရှိနေသေးပြီး အာရက္ခတပ်တော် AA က နောက်ထပ် လွှတ်ပေးရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။
အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားသည့် စစ်သုံပန်းများနှင့် အကျဉ်းသားများရှိရာ နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် သုံပန်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
အာရက္ခတပ်တော် AA သည် ရခိုင်ရိုးမတောင်ပေါ်က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပြီးနောက် ဆက်စပ်နေသည့် ဧရာဝတီ၊ ပဲခူးနှင့် မကွေးဒေသက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ယင်းအပြင် ရခိုင်မြိုတော် စစ်တွေမြိုကိုလည်း AA သည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ ညကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ရင်းများကလည်း AA ထိုးစစ်ကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်သုံပန်းမိသားစုဝင်များနှင့် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် ပြုလုပ်ခဲ့သည့် အခမ်းအနားအား တွေ့ရစဉ်။ (ဓါတ်ပုံ – APM)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476606231_987707286790211_6981954907869217696_n.jpg)