27 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မိုင်းထောင်ရွာနှင့် ဂွေကြီးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၈ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ငါန်းဇွန်မြို့နယ် မိုးထောင်ကျေးရွာနဲ့ ဂွေကြီးကျေးရွာ အကြားမှာ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၈ ကောင်သေဆုံးတယ်။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Tiger Brother မြစ်သား PDF၊ FREE DOM FIGHTERS နှင့် GOLDEN EAGLES အဖွဲ့က တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ပြည်သူလူလူထုကို ညဉ်းပန်း နှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Tiger Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article