ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ည ၁၀ နာရီခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှ တောပုရွာပျူစောထီးစခန်းသို့ အင်အား ဖြည့်တင်းရန် ဖောကား ၄ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တောပုရွာဘက် ကားလမ်း အဆင်းတနေရာအရောက် အပြင်းအားမြင့် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဖောကား ၂ စီးနှင့်အတူ လမ်းပိုင်းကင်းယူနေသော အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုနောက်ဆက်တွဲသတင်းတော့ မရသေးဘူး။ ထိခိုက်သေဆုံးမှုကတော့ ရှိတော သေ ချာတယ်။ မိုင်းဆွဲပြီးတော့ အော်ဟစ်ဆဲဆိုသံ၊ ညည်းငြူသံတွေပါကြားရတာ။ ကားပေါ်က စခ တွေ ထိတာ မဟုတ်ဘူး။ ကင်းပုန်းတွေထိတာ။ ကားတွေကတော့ တောပုရွာထဲကို ဝင်သွားတယ်” ဟု Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့နှင့် Area71 PDF Monywa အဖွဲ့တို့ ပူး ပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်နီတွင် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476824588_989532199941053_5808400801204820078_n.jpg)