ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြောင်းသစ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် မတ္တရာမြို့ဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော ဟောင်ဝှစ်ဇာ လက်နက်ကြီးကျည်သည် မြောင်းသစ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး နှင့် စာသင်ကျောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းအတွင်း စေတနာ ၀န်ထမ်း သန့်ရှင်းရေး လုပ်ဆောင်နေသော အသက် ၃၄ နှစ်အရွယ် မစိုစိုး လက်နက်ကြီး ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“မတ္တရာမြို့နယ် မြောင်းသစ်ရွာကို ဒီနေ့ နံနက်ပိုင်း မတ္တရာမြို့ဘက်ကနေပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ လှမ်းပစ်တာလို့ သိရတယ်။ ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးပြီး စာသင်ကျောင်း ၂ ဆောင်လည်း ပျက်စီးသွားတယ်။ စာသင်ကျောင်းမှာ စေတနာ့ ၀န်ထမ်းသန့်ရှင်းရေး လုပ်နေတဲ့ မစိုစိုးလည်း လက်နက်စ ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Myaing 3 Star အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီကျော်ခန့်တွင် ရေစကြိုမြိုနယ် ရေလယ်ကျွန်းဒေသရှိ သာဂေါင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
“တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဒီနက် နံနက် အစောပိုင်း ဗုံးကျဲသွားတာပါ။ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးသွားတယ်” ဟု Myaing 3 Star အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/478287540_989673353260271_2367404913596948006_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479186702_989673376593602_6669960013116832254_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476962086_989673436593596_4398599495974450425_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477271620_989673479926925_1681051736886472948_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/478083486_989673519926921_6991668121359812145_n.jpg)