35 C
Yangon

စလင်းမြို့နယ် ပကဖ အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု PDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း၊ စလင်းမြို့နယ် ပကဖ အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ PDF ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်အတွင်းရှိ စလင်း ပကဖ အနောက်အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး လေကြောင်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပကဖ အထိုင်ရုံးအတွင်းရှိ ရုံးသုံးပစ္စည်း ကိရိယာများ၊စု‌ဆောင်း ရိတ်က္ခာများနှင့်ခဲယမ်းများ ပျက်စီးခဲ့ပြီး ကာလ တန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် ရုံးပိုင်းဆိုင်ရာ ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာ မစိုးရိပ်ရ ရရှိခဲ့ကြောင်း သိရှိရသည်။

“စလင်းမြို့နယ် ပကဖ အနောက်အထိုင်ရုံးနဲ့ ခဲယမ်း ဂိုဒေါင်ကို စစ်ခွေးတွေက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ လေကြောင်းနဲ့ ရုံးသုံး ပစ္စည်းကိရိယာတွေ စု‌ဆောင်းရိတ်က္ခာတွေနဲ့ ခဲယမ်း သိန်း ၅၀၀ ကျော်ဖိုး ပျက်စီး ဆုံးရှုံးခဲ့တယ်။ ရုံးပိုင်း ရဲဘော် ၁ ဦးလည်း လက်အနည်းငယ် ထိခိုက်ဒဏ်ရာခဲ့တယ်။ မစိုးရိပ်ရပါဘူး” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article