29 C
Yangon

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်မည့် အမျိုးသားများကို စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ NSIMS စနစ်ဖြင့် စတင် စစ်ဆေးနေ

Must read

🟥စစ်မှုထမ်းစာရင်းတွင် ပါဝင်နေသူ အမျိုးသားများကို ရန်ကုန်လေဆိပ်မှ လှည့်ပြန်ခိုင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို လေဆိပ်စစ်ဆေးရေးအဖွဲ့က စစ်မှုထမ်းစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ စတင်စစ်ဆေးနေပြီး များမကြာမီ ထောက်ခံချက်များ လိုအပ်မည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရှိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဒီဂျစ်တယ်နည်းပညာဖြင့် မှတ်တမ်းတင်ထားသော ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို ထူထောင်ထားပြီး ရန်ကုန်လေဆိပ်နှင့်မန္တလေးလေဆိပ်တို့တွင် ပြည်ပသို့ ထွက်ခွာကြမည့် အမျိုးသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်မှုထမ်းရမည့် သူ ဟုတ်၊ မဟုတ် NSIMS စနစ်အတွင်း လ၀က က ဝင်ရောက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းစာရင်းတွင် ပါဝင်သည့် အမျိုးသားများအနေဖြင့် အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ဖြစ်စေ (PV)၊ ပညာသင် နိုင်ငံကူးလက်မှတ်(PE) ဖြင့် ဖြစ်စေ ပြည်ပသို့ သွားရောက်ရန် ကြိုးစားမှုများကို လေဆိပ်စစ်ဆေးရေးအဖွဲ့က တားဆီးပိတ်ပင်နေကြောင်း သိရှိရသည်။

“စစ်မှုထမ်းစာရင်းထဲမှာပါရင်တော့ ဘယ်နိုင်ငံကူးလက်မှတ်နဲ့ဖြစ်ဖြစ် ထွက်လို့မရပါဘူး။ အဲဒါကြောင့် အခု ထွက်မယ့်သူတွေကို စစ်မှုထမ်းစာရင်းထဲမှာ ပါနေသလား ဦးစားပေး စစ်ခိုင်းတာ” ဟု ပြည်ပ တက္ကသိုလ်များတွင် တက်ရောက်နိုင်ရန် ဝန်ဆောင်မှုပေးနေသည့် ရန်ကုန်အခြေစိုက် ပညာရေးအေဂျင်စီတစ်ခုက ပြောဆိုသည်။

လက်ရှိတွင် စစ်မှုထမ်းစာရင်း မပါဝင်သေးဘဲ အထောက်အထား အပြည့်အစုံ( လေယာဉ်လက်မှတ် အသွားအပြန်၊ ဟိုတယ်ဘိုကင်၊ ဗီဇာ၊ Show Money) ပြနိုင်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ပြုနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် များမကြာမီ စစ် မှုထမ်း ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့် ထောက် ခံ စာများ(သို့မဟုတ်) စစ်မှုထမ်း မပါဝင်သေးကြောင်း မြို့နယ် ရပ်ကွက်ထောက်ခံစာများ ပါမှ ပြည်ပသို့ အလည် အပတ်သွားရောက်ခွင့်ပြုရန် ရှိနေကြောင်း လ၀ကသတင်းရင်းမြစ်က ဆို သည်။

စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပသို့ PJ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက် အလုပ်လုပ်ခွင့်ကိုလည်း ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်၍ ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်ရှိ လ၀ကဝန်ထမ်းများကို အကြမ်းဖက် စစ်ကောင်စီဝန်ကြီး မြင့်ကြိုင်က စစ်ဆေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်ရှိ လ၀ကဝန်ထမ်းများကို အကြမ်းဖက် စစ်ကောင်စီဝန်ကြီး မြင့်ကြိုင်က စစ်ဆေးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article