29 C
Yangon

မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် BGF တပ်များက လူကုန်ကူးခံရသူများကို လိုက်လံ ရှာဖွေနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် BGF တပ်များက လူကုန်ကူးခံရသူများကို လိုက်လံ ရှာဖွေနေကြောင်း အဆိုပါဒေသတွင် ရောက်ရှိအလုပ်လုပ်နေသော မြန်မာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ပြီး BGF များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး ရွှေက္ကိုလ်မြို့အတွင်းရှိ ဟိုတယ်၊ ဘားများ၊ KTV များ စားသောက်ဆိုင်များကို ဝင်ရောက် စစ်ဆေးကြောင်း၊ “အတင်းအကျပ် ခေါ်ဆောင်ခံထားရသလား” အလုပ်သမားကို မေးမြန်းကြောင်း၊ တရုတ်တချို့ကိုလည်း နိုင်ငံကူးလက်မှတ် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“မနက်ကတည်းက ဝင်စစ်နေတာ။ အတင်းအကျပ် ခေါ်ခံထားရတာလား၊ အိမ်ပြန်ချင်တာလား ဆိုပြီး အကုန်လိုက်မေးတယ်။ ပြန်ပို့ပေးမယ်လို့လည်းပြောတယ်။ ဟိုတယ်နဲ့ ဆိုင်တွေ အကုန်လုံးဝင်စစ်နေတာ။ အကုန်လုံးကို အောက်ကို ဆင်းခိုင်းတယ်။ အလုပ်သမားတွေရော မန်နေဂျာနဲ့ ဝန်ထမ်းတွေအကုန် ဆင်းခိုင်းတယ်။ ဆင်းပြီး တစ်ဦးချင်းစီ စစ်တယ်။ မေးတယ် မြန်းတယ်။ ပြန်ချင်လား မေးတယ်။ ပြန်ချင်ရင် သူတို့ ပြန်ပို့ပေးမယ်ပြောတယ်” ဟု ရွှေက္ကိုလ်ရောက် မြန်မာတစ်ဦးကဆိုသည်။

BGF ခေါင်းဆောင် စောချစ်သူ ယမန်နေ့တွင် ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီး Mr. Phuntham Vejayachai ကို စာတစ်စောင်ပေးပို့ခဲ့ပြီး ယင်းစာတွင် လူကုန်ကူးမှု ကျူးလွန်သူများနှင့် ကျားဖြန့် လိမ်လည်လှည့်ဖြားသူများကို ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ထိုင်းဒုဝန်ကြီးချုပ်မှ လမ်းညွှန်ပေးပါရန် တင်ပြပါကြောင်း ရေးသားထားသည်။

ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Mr. Phuntham Vejayachai ကမူ စောချစ်သူ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ပါ ချက်ချင်း ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ဖမ်း၀ရမ်းထုတ်ရန်လည်း ပြင်ဆင်နေ​ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article