ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်နှင့် ပျူစောထီး အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၅နာရီ ၂၁ မိနစ်ခန့်တွင် ရေဦးမြို့ အနောက်ဘက်ရှိ ရွှေကျီးမင်း အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ပျူစောထီး အင်အား ၂၅ ဝန်းကျင်ခန့်ရှိသော အထိုင်စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး အထိခိုက်စာရင်းတော့မသိရပါဘူး။ အင်အား ၂၅ ဝန်းကျင် Drone သုံးစီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းတစ်စီး ပျက်ကျသွားတယ်။ စက်ချို့ယွင်းပီးပျက်ကျတာပါ။ ဗုံးသီး နှစ်လုံးချတာပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF LOCAL PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆားတောင်မြို့ ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်းကိုတော့ သေချာစွာ အတည်မပြုနိုင်ခဲ့ပါဘူး။ထိခိုက်မှုကတော့ရှိနိုင်ပါတယ်။ အချိန်ကတော့ ညနေ ၃ နာရီအချိန်မှာ ဖြစ်ပါတယ်။ စစ်ခွေး၊ ရဲခွေး အပြင် ပျူတွေရောဆိုတော့ အင်အားကတော့ ၆၀ ဝန်းကျင်လောက်ရှိမယ်။ ဒရုန်းနှစ်စီနဲ့ ကျဲချခဲ့တာပါ။ ဒရုန်းတစ်စီးတော့ Error ကြောင့် ပျက်စီးခဲ့တယ်။ ကျန် တစ်စီးနဲ့ဘဲ ဆက်လက် ချခဲ့ပါတယ်။ စခန်းအတွင်း jammer အားကောင်းတာကြောင့် ကျွန်တော်တို့ ကင်းထောက်ဒရုန်းအနားထိ ကပ်မရတာကြောင့် သေစာရင်းတော့ အတည်မပြုနိုင်ခဲ့ဘူး။ ဒီအာဏာရှင် စနစ်ဆိုးကြီးနဲ့ အာဏာရှင်များကို အတက်နိုင်ဆုံး ကြိုးစားတိုက်ထုတ်သွားပါမယ်လို့ ပြောချင်ပါတယ်” ဟု YOUNG WOLF LOCAL PDFမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့အတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆပ်ပြာကျင်းရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ကြောင်း TGYR – Youth Guerrilla Counter Revolution – NZ တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ငါန်းဇွန်မြို့မှ အနောက်ဘက်သို့ ကားလမ်းအတိုင်း ထွက်လာသည့် အင် အား ၁၀၀ ခန့်ပါ စစ်သား၊ ပျူစောထီးများကို ဆပ်ပြာကျင်းကျေးရွာအနီး အ ရောက် TGYR-Drone Team မှ Fixed Wings Drone ၂ -စီး ဖြင့် 700 Kg ဗုံးသီး ၂ လုံး) ကျဲချ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များမှာ ဆပ်ပြာကျင်းကျေးရွာမှ အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်း အတွင်း သို့ ညနေ ၄ နာရီချိန်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။
ထို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၄၀ မမ၊ ပန်းတိမ် ၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ (TGYR-Drone Team ၊ မန္တ လေးခရိုင်အမှတ် – ၅ တပ်ရင်း ၊ အမရပူရမြို့နယ်(ပကဖ) ၊ အညာသား-ပြောက်ကျားတပ်ဖွဲ့နှင့် အား မာန် – ပြောက်ကျားတပ်ဖွဲ့ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် အတွင်းရှိ ပြည်သူအများကို စစ်ကောင်စီတပ်က ရန်သူသဖွယ် အနိုင်ကျင့် သတ်ဖြတ် နေခြင်း၊ လေကြောင်းမှ ဗုံးကြဲနေခြင်းနှင့် မတရားဆက်ကြေးကောက်ခြင်းတို့ ဆက်လက်ပြုလုပ်နေ သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းအသိ ၊ စစ်ရေး သတိ ရှိစွာ နေထိုင်ကြရန် တိုက် တွန်း နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/478821930_990301056530834_6525672119182523676_n.jpg)