30 C
Yangon

ပြည်ပနိုင်ငံများမှ မှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ အလည်ပြန်လာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားအလုပ် သမားများ ပြည်ပသို့ ပြန်လည် ထွက်ခွာခွင့်မပြုတော့သည့် အမိန့်အသစ် စစ်ကောင်စီချမှတ်

Must read

🟥 ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံးထံမှ အခွန်တိုးမြှင့် ကောက်ခံရရှိရေး စီမံချက်ရေးဆွဲနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ပြည်ပနိုင်ငံများမှ မှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ အလည်ပြန်လာမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားအလုပ် သမားများအားလုံးကို ပြည်ပသို့ ပြန်လည် ထွက်ခွာခွင့်မပြုတော့ဆိုသည့် စည်းကမ်းချက်အသစ်ကို စစ်ကောင်စီက ချမှတ်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရှိရသည်။

စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သော အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ စည်း ကမ်း အသစ်များ၊ အမိန့်အသစ်များနှင့် ညွှန်ကြားချက် အသစ်များ ဆက်တိုက်ထုတ်ပြန်နေရာတွင် ပြည်ပမှ ခွင့်ပြန်လာသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား အလုပ်သမားများကိုပါ ပြည်ပသို့ ပြန်လည် ထွက်ခွာခွင့် ပိတ်ပင်ခြင်း​ဖြစ်ကြောင်း သိရှိရသည်။

“ပြည်ပမှာ PV နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ပြီး ပြည်တွင်းကို ခဏ ပြန်လာပြီး PJ စာအုပ်နဲ့ OWIC ကတ် လျှောက်ပြီး ပြန်ထွက်မယ့် အလုပ်သမားတွေ၊ ပြည်ပကနေ PJ စာအုပ်နဲ့ OWIC ကတ်ရှိပြီးသားကို ခွင့်နဲ့ ပြန်လာမယ့်အလုပ်သမားတွေအနေနဲ့အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းဆိုရင်တော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာခွင့်မပေးတော့ဘူး။ ညွှန်ကြား ချက်အသစ်လို့ သိရတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားမှန်သမျှကို ပြည်ပထွက်ခွင့် ပိတ်ပင်နေတာပါ ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုကိုလည်း ကန့်သတ်လိုက်သည့်အပြင် ပြည်ပနိုင်ငံများတွင် မြန်မာအလုပ်သမားများ သန်းချီ၍ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အလုပ်သမားအသစ်များ ထပ်မံ စေလွှတ်ရေးထက် ရှိရင်းစွဲ မြန်မာအလုပ်သမားများထံမှ ရသင့်ရထိုက်သော အခွန်ငွေများ မရရှိသေးကြောင်း၊ ထို့ကြောင့် အလုပ်သမားအသစ်များ စေလွှတ်မှုထက် ပြည်ပ ရောက် မြန်မာ အလုပ်သမားများထံမှ အခွန်ငွေ ရရှိရေးကို ဦးစားပေး၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အခွန်ငွေများ ရရှိသင့်သလောက် မရဖြစ်နေကြောင်း ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခု အလုပ်သမားတွေ ပြည်ပထွက်ဖို့ဆိုရင် ဝန်ကြီးဌာနခွင့်ပြုချက်ကို မဖြစ်မနေ လိုအပ်တယ်။ ဝန်ကြီးဌာနက သေသေ ချာချာ စိစစ်မယ်။ အေဂျင်စီတွေအားလုံးက ပမာဏ အကန့်အသတ်နဲ့ပဲ ပို့ခွင့်ရမယ်။ ညွှန်ကြားချက် မလိုက်နာရင် ငွေပေါင် တင်ခိုင်းထားတဲ့ လိုင်စင်ကြေး သိန်း ၅၀၀၀ ဆုံးရှုံးမယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်က ဆက်လက် ပြောဆိုသည်။

စစ်ကောင်စီက ပြည်ပသို့ စေလွှတ်မည့် အလုပ်သမားအရေအတွက်ကိုလည်း ကန့်သတ်လိုက်ပြီး လိုင်စင်ရ အေဂျင်စီများအနေ ဖြင့် ထိုင်းနိုင်ငံသို့ တစ်လလျှင် အလုပ်သမားအရေအတွက် ၂၀၀ ဦး၊ ဂျပန်နိုင်ငံသို့ တစ်လလျှင် အလုပ်သမားအရေ အတွက် ၂၀၀ ဦးနှင့် မလေးရှားနိုင်ငံသို့ ၁၀၀ ဦး စသည်ဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုများကို အရေအတွက်ဖြင့် ကန့်သတ်လိုက်ကြောင်း သိရှိရသည်။

လက်ရှိတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်ပိတ် ပင်ထားပြီး အမျိုးသမီးများနှင့် အသက် ၃၅ နှစ်အထက် အမျိုးသားများကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ခွင့်ပြုဆဲဖြစ်​ ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article