ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ချည်းကပ်မှုမရှိဘဲ ရွေး ကောက်ပွဲကျင်းပရေး ပြောဆိုနေရင် အသိအမှတ်ပြုမှုမရတဲ့ ဆုံးရှုံးမှုသာဖြစ်လိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သတိပေးပြောဆိုလိုက်ပါတယ်။
- မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ဖို့ အဓိကကျတဲ့ OWCI ပြည်ပအလုပ်သမား သက်သေခံကတ်တွေ ထုတ်ပေးမှုကို စစ်ကောင်စီက မနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီလို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက ပြောပါတယ်။
- ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆီကို ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်တပ်က တပ်သား ၁၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
