30 C
Yangon

ပေါက်မြို့နယ်၊ ကပစ ၂၄ အနီး စစ်သား ၂ ဦး မိုင်းလာဖြုတ်စဉ် အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်မှု ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ – ကပစ ၂၄ အနီးတွင် မိုင်းဖြုတ်ယူ သွား သည့် စစ်သား ၂ ဦးကို အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံးသွားကြောင်း ဆိပ်ဖြူ တကိုယ်တော်ကျားဇိုးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၄ အနီးရှိ လင်းယုန် ဂိတ်အနောက်ဘက် ခွေးအူတောင်လမ်း၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထောင်ထားခဲ့သည့်မိုင်းကို လာရောက်ဖြုတ်ယူသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အောင်ဇော်မြင့်နှင့် စစ်သား ၁ ဦးကို မိုင်း ဖြုတ်ယူပြီး သယ်သွားစဉ် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထောင်ထားတဲ့ မိုင်းကို လာဖြုတ်ယူတာ၊ မိုင်းကိုကောက်ယူတဲ့အချိန် မိုင်းခွဲလိုက်တာ၊ ဒုတပ်ကြပ် အောင်ဇော်မြင့် အလောင်းက တစ်စစီဖြစ်တယ်။ ကျန်တဲ့ တစ်ယောက်ကလည်း အပြင်း အထန် ဒဏ်ရာရတယ်။” ဟု ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုးနှင့်ပေါက်မြို့နယ် ဇုန် ၁ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article