ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Burmese Revolution Force (BRF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့ မန်ကျည်းစဥ်ကျေးရွာနှင့် စစ်တပ်အထိုင်ချ လွင်မိုးတိုက်အနီးရှိ လင်းလက်ပါဝါ KTV အတွင်း သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦးကို တော်လှန်ရေး ရဲဘော်များက လက်လုပ်ပစ္စတိုဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ကျန်ရှိနေသော စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားများထံမှ ပစ္စတို သေနတ် ၁ လက်လည်း သိမ်းဆည်းရရှိခဲ့ပြီး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသော်လည်း ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။
“၁၇ ရက်နေ့က စစ်ကိုင်းမြို့ မန်ကျည်းစဥ်ကျေးရွာ နဲ့ စစ်ခွေးအထိုင်ချ လွင်မိုးတိုက်အနီးက လင်းလက်ပါဝါ KTV အတွင်းမှာ သောက်စားပျော်ပါးနေတဲ့ အရာရှိ အပါအဝင် စစ်ခွေး ၄ ကောင်ကို သတင်း အတိအကျရလို့ ကျနော် တို့အဖွဲ့ဝင် ၂ ဦး လက်လုပ်ပစ္စတိုနဲ့ ဝင်ပစ်တာ ၁ ကောင် သေပြီး ပစ္စတို ၁ လက်ရတယ်။ ကျနော်တို့ ရဲဘော် ၂ ဦးလည်း ထိခိုက် ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး” ဟုBurmese Revolution Force (BRF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လင်းလက်ပါဝါ KTV ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
