24 C
Yangon

စလင်းမြို့နယ်၊ တညောင်ရဲစခန်း နှင့် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သာားများ နေထိုင်ရာ အဆောက်အအုံများ၊ ဘန်ကာများ ထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ခွေးတွေ တော်တော်ထိတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ဗုံးသီးတစ်လုံးချတိုင်း မနားမနေလိုက်ပစ်တယ်။ ခွေးစခန်းက လက်နက်ကြီး လက်နတ်ငယ်ပြန်ပစ်ပြီဆိုတာနဲ့ သူတို့ဘက်က ထိခိုက်သေတာရှိလို့ပဲ စခန်းမှာက ဆိပ်ဖြူဘက်ကနေ စခအင်အားတွေ ထပ်ဖြည့်ထားတယ်။ စခအထိုင်စခန်းထဲကို တည့် တည့်ကျတာ ဗုံးသီး ၃ လုံးရှိတယ်။ ထိခိုက်မှုကတော့ ရှိတယ်လို့ သတင်းရထားတယ်။ အရေအတွက် ကတော့ စုံစမ်းနေတုန်းပါပဲ။ လက်နက်ကြီးနဲ့ကတော့ တစ်လုံးပြန်ပစ်တယ်။ လက်နက်ငယ်ကတော့ မနားတမ်းကို ပြန်ပစ်တာ ဗုံးသီး ၁ လုံးချတိုင်းအတော်တော်ကို ပြန်ပစ်တယ်။ လက်ရှိစစ်ရေးအရှိန် မြှင့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စခစခန်းနဲ့ အနီးအနားမှာ မနေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း- ၁ ဒရုန်းအဖွဲ့ဦးဆောင်ကာ ဆိတ်ဖြူမြို့နယ် ပကဖအနောက်ပိုင်းဇုန် ၁ Ak၊ နှင့်စလင်း ပကဖဇုန် ၃ ကိုမြွေပွေးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်းကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုဖြစ်သော ကျောက်မိုင်းအနီးရှိ စခန်းကို စစ်အင်အားများ ထပ်မံဖြည့်တင်းထားကြောင်း သတင်းရရှိသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လူနာတင်ကားများဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။

“နဂို ၁၅ ယောက်လောက်ရှိတဲ့ ကာကင်းစခန်းကို အင်အား ၅၀ လောက်ထပ်ဖြည့်တယ်။ ၁၂၀ မမ ၊ ၆၀ မမနဲ့ ပြန်ပစ်တာ ၁၅ လုံးကျော်တယ်။ ပစ်တော့ ကျနော်တို့ဘက်ကလည်း ဒရုန်း နဲ့ ၅ လုံး ၊ ၆ လုံး ကျဲချတယ်။ လက်နက်ကြီးက ၄ လုံးလောက်ပစ်တယ်။ ထိခိုက်သေဆုံးမှုတော့ ရှိတယ်။ လူနာတင်ယာဉ်နဲ့ သယ်တာက ပဲခူးဘက်ကို သယ်ထုတ်သွားတယ်လို့ ကြားတယ်။ သိမ်ဇရပ်မှာဆိုရင် အမြောက်တပ်ရှိတယ်။ ခမရ ၂၀၇ ရှိတယ်။ သူတို့က တပ်ဝန်းထဲမှာ မနေဘူး။ ကာကင်းတွေနဲ့ အပြင် မှာ နေကြတယ်၊ ကင်းပုန်းတွေဝပ်တယ်၊ ခံစစ်ကတုတ်တွေပြင်တယ်။ PDF တွေလာတိုက်မယ်ဆိုတဲ့ သတင်းကြောင့်ပေါ့။ မနေ့က မတိုင်ခင် ၂ ရက်လောက် သူတို့ကာကင်းထုတ်ထားတဲ့ ကင်းသမားကို စနိုက်ပါနဲ့သွားပစ်တာ သေသွားတယ်။ အဲဒီလှုပ်ရှားမှုအတွက်ကို လှုပ်ရှားမှုတွေနည်းနည်းလေးလုပ် လာတဲ့သဘောဖြစ်တာ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အင်းတကော် ဒရုန်းအဖွဲ့၊ ကဝ (ပကဖ) နှင့် ဝေါ (ပကဖ) အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို တိုက်တွန်းချင်တာက မြို့သိမ်းတိုက်ပွဲတွေက သေချာပေါက်ဖြစ်မှာ အဲဒီတော့ ပြည်သူတွေအနေနဲ့ ခိုလှုံရမယ့်နေရာတွေ စစ်ရှောင်ရမယ့်နေရာတွေ နောက်ပြီးတော့ ရိက္ခာတို့ ဆေးဝါး တို့ ကြိုတင်ပြင်ဆင်ထားပါလို့ ပြောပါရစေ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article