36 C
Yangon

ဆင်ပေါင်ဝဲတွင် စစ်ကြောင်းထိုးနေသော ဗိုလ်မှူး အောင်ဇော်ဖြိုး ဦးစီးသည့် စစ်တပ်ကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၇ ရက်ကြာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ၉၀၂ တပ်ရင်း၊ တပ်ခွဲ – ၃၊ တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှ စတင်ကာ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရ လမ်းပိုင်းကို နယ်မြေရှင်းလင်းရန် တပ်မ ၈၈ လက်အောက်ခံ အကြမ်းဖက် စစ်သားမျးနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၉၀ ခန့်ပါ စစ်ကြောင်း က ၇ ရက်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းကို ဗိုလ်မှူး အောင်ဇော်ဖြိုး ဦးဆောင်ကာ ကိုးပင်-သာဂရ လမ်းပိုင်းပေါ်ရှိ ကိုးပင်ကျေးရွာမှ စတင်ကာ ဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကိုးပင်-သာဂရ လမ်းပိုင်းရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေး နှုတ် ကျေးရွာအကြားတွင် ပဒေသာမိုင်း ၂ လုံးတွဲသုံးကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦး ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝါးစိမြောင်ကျေးရွာနဲ့ ကြက်မွေးနှုတ်ကျေးရွာ အကြားမှာ ကျနော်တို့ ပဒေသာမိုင်း ၂ လုံးတွဲနဲ့ မိုင်းဆွဲတာပါ စစ်ကောင်စီ တပ်သား ၆ ဦးထက်နည်းသေဆုံးတယ်လို့ သိရတယ်။ စစ်တပ် စစ်ကြောင်းက ပြန်ဆုတ်သွားပါပြီ မရှိတော့ပါဘူး” ဟု ၉၀၂ တပ်ရင်း၊ တပ်ခွဲ – ၃၊ တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း ၉ဝ၂ ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း နှင့် နေပြည်တော်တပ်ရင်း ၈၀၄ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် နီးစပ်သော နေရာများတွင် ယှဉ်တွဲနေထိုင်ခြင်း ပူး ပေါင်း ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် အသိပေး မေတ္တာရပ်ခံကြောင်း ၉၀၂ တပ်ရင်း၊ တပ်ခွဲ – ၃၊ တောင်တွင်းကြီးတပ်ခွဲက ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article