32 C
Yangon

ရွှေဘိုနှင့် ဟားခါးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ ရဲတပ်သား ၁ ဦးက သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာမှ ရဲတပ်သား ၁ ဦးက သေနတ် ၁ လက် ယူဆောင်လာပြီး တောင်သူဦးကြီးများအဖွဲ့ – PDF ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော ရဲတပ်သား ၁ ဦးသည် သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး နှင့် ကျည်ဆံများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော ရဲတပ်သား ၁ ဦးကို တောင်သူဦးကြီးများအဖွဲ့ – PDFမှ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Senthang Revolution Force အဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဟားခါးမြို့နယ် ၂၆၆ တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး Senthang Revolution Force ထံ အလင်းဝင်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၁ ဦး သည် MA- 1 ၁ လက်၊ ကျည်ကပ် ၂ ခုတို့ကိုယူဆောင်လာခြင်းကြောင့် SRF အဖွဲ့က ငွေကျပ် သိန်း ၄၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article