36 C
Yangon

နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ ၊ စစ်တပ်က နောင်ချိုမြို့ကို နေ့စဉ် လေကြောင်းဖြင့် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကို စစ်တပ်က ယမန်နေ့ညပိုင်း တိုက် လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ အဆိုပါ ဗုံးကျဲချမှုအတွင်း အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဒီရက်ပိုင်း နောင်ချိုကို နေ့စဉ်တိုင်း ဗုံးကျဲနေတယ်။ မနေ့ညက တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံးကျဲချတယ်။ ည ၈ နာရီ ၃၅ မိနစ်မှာ ဗုံး ၂ လုံး၊ ည ၈ နာရီ ၄၀ မိနစ်မှာ ဗုံး ၂ လုံးကျဲတယ်။ အိမ်တွေတော့ အတော်ပျက်စီးတယ်” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ​၈ နာရီ ၁၃ မိနစ်အချိန် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ ဘူတာရပ်ကွက်တွင်နေထိုင်သည့် ဒေသပြည်သူ ၂ ဦးနှင့် ပြည်သူ့ဆေးရုံမှ ပြည်သူ၁ ဦး ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့လည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သတိပေးထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် တအာင်း TNLA နှင့် စစ်ကောင်စီတပ်များအကြား ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article