24.6 C
Yangon

ထိုင်းနိုင်ငံ၊ OCTA Food စက်ရုံမှ မြန်မာအလုပ်သမားများကို စစ်မှုထမ်းဆင့် ခေါ်လျှင် အလုပ်ထွက်၍ မြန်မာပြည်ပြန်ရန် သဘောတူသည်ဆိုသော အလုပ်စာချုပ်အသစ်များကို စစ်ကောင်စီမြန်မာသံရုံးက လက်မှတ်ထိုးခိုင်းနေ

Must read

🟥 အလုပ်သမားတချို့ကို စစ်မှုထမ်းရန် အလှည့်ကျနေသည်ဟုဆိုကာ စက်ရုံက အလုပ်ထုတ်ပြီး မြန်မာပြည် ပြန်ခိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံ၊ OCTA Food စက်ရုံမှ မြန်မာအလုပ်သမားများကို စစ်မှုထမ်းဆင့် ခေါ် ပါက အလုပ်ထွက်၍ မြန်မာပြည်ပြန်ရန် သဘောတူညီပါသည်ဆိုသော အလုပ်စာချုပ်များကို စစ်ကောင်စီမြန်မာသံရုံးက လက်မှတ်ထိုးခိုင်းနေကြောင်း အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားတချို့ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံ၊စမူပကန် ခရိုင်ရို OCTA Food စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ် သမားတချို့ကို ပြည်တွင်းတွင် စစ်မှုထမ်းရန်အတွက် အလှည့်ကျလာကြောင်း၊ ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးကလည်း စစ်မှုထမ်းရမည့် မြန်မာအလုပ်သမားတချို့၏ စာရင်းကို ပေးပို့လာသဖြင့် အဆိုပါ အလုပ်သမားတချို့ကို စက်ရုံက ဆက်လက်အလုပ်လုပ်ခွင့် သက်တမ်းတိုးမပေးတော့ဘဲ အလုပ်မှ ထုတ်လိုက်ကြောင်း သိရှိရသည်။

“မြန်မာသံရုံးက စစ်မှုထမ်းရမယ့် အလုပ်သမားစာရင်းတချို့ ပို့လာတယ်။ အဲဒါ စက်ရုံဘက်က စစ်မှုထမ်းဖို့ စာရောက်လာလို့ အဲဒီစာရင်းမှာပါတဲ့ အလုပ်သမားတချို့ကို စစ်ရုံဘက်က အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့် သက်တမ်းတိုးမပေးတော့ဘူးဆိုပြီး အလုပ်ကထုတ်လိုက်တာလည်းရှိတယ်လို့ သိရတယ်။ စာတော့ မပြဘူး။ စာချုပ်အသစ်တော့ လက်မှတ်ထိုးခိုင်းနေတယ်” ဟု အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ကျန်ရှိနေသော အလုပ်သမားများကိုလည်း စစ်မှုထမ်းရန် အလှည့်ကျလာပါက စက်ရုံမှ အလုပ်ထုတ်ပယ်မည် ဆိုသော မြန်မာသံရုံးက ပေးပို့သော အလုပ်ရှင်-အလုပ်သမားစာချုပ်များ အသစ်ပြန်လည် ချုပ်ဆိုရန် လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများထံမှ အခွန်ငွေများ ရရှိရေးနှင့် စစ်မှုထမ်းရမည့် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင် လာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article