32 C
Yangon

ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိ

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည် ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ခုကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်း လေကြောင်းတိုက် ခိုက်မှု ပြုလုပ်ခဲ့၍ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arankan Princess Media နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်မှစတင်၍ ပေါက်တောမြို့နယ်၊ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော်ကျေးရွာနှင့် ပေါက်တောမြို့ပေါ် တို့ကို စစ်ကောင်စီက Y12 လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်တောင်ကျေးရွာမှ အသက် ၅ နှစ်အရွယ် မောင်အောင်ငြိမ်းနိုင်၊ အသက် ၁၂ နှစ်အရွယ် မခိုင်ဇင်လှိုင်နှင့် အသက် ၅၀ အရွယ် ဒေါ်မလုံးတို့မှာ သေဆုံးသွားရကြောင်း၊ အသက် ၆ နှစ်အရွယ် မပန်းအိနွယ်၊ အသက် ၂၃ နှစ်အရွယ် မဖြူဖြူဆန်း၊ အသက် ၂၄ နှစ်အရွယ် ကိုနေထွန်းလင်းနှင့် အသက် ၃၀ အရွယ် မနေစိုးမ တို့မှာ ဒဏ်ရာရရှိသွားကြကြောင်း သိရှိရသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်တက်မော် ဘော်ဒလီကျေးရွာမှ အသက် ၃၉ အရွယ် ကိုကျော်ဇေယျ၊ အသက် ၄၁ နှစ်အရွယ် ဦးသန်းစိန်အောင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်စောသိန်းခိုင်၊ အသက် ၅၀ အရွယ် ဒေါ်သန်းနုအေးတို့မှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ အလားတူ ဆင်တက်မော် တောတန်းကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဆန်းမြတ်သူနှင့် အသက် ၆၂ နှစ်အရွယ် ဒေါ်ယဉ်သိန်းနုတို့မှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ဆင်တက်မော် မွတ်စလင်ကျေးရွာမှ အသက် ၃၀ အရွယ် ဦးမာတာပေါက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မညင်းကိုင်းကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုကိုလင်း သေဆုံးခဲ့ရပြီး အသက် ၈ နှစ်အရွယ် မောင်ဦးကိုဝင်း၊ အသက် ၁၄ နှစ်အရွယ် မဝေဝေစိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းသန်းအေးနှင့် အသက် ၄၅ နှစ်အရွယ် ဦးအောင်သာထွန်းတို့မှာ ဒဏ်ရာရသွားကြောင်း၊ အနောက်ရဲကျေးရွာမှ အသက် ၇ နှစ်အရွယ် မောင်ဝူဆမန်ဒါအန်ဂေါ်၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ရှော်ရီဘာယာဒူ တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပေါက်တောမြို့နယ်မှ သဲခုံကျေးရွာ၊ ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်းကျွန်း၊ တောင်ဦးမော် ကျေးရွာဒေသတို့ကို စစ်ကောင်စီက ဗုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပေါက်တောမြို့ပေါ် ရပ်ကွက်များကိုလည်း ဗုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့အနီးက စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေ၍ အာဏာသိမ်း စစ်ကောင်စီသည် AA ထိန်းချုပ်ရာ မြို့နယ်များကို အထူးသဖြင့် အရပ်သားများနေထိုင်ရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည် ပေါက်တောမြို့နယ်က ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အရပ်သားများ ထိခိုက်ဒဏ်ရာရသွားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ – APM)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article