25 C
Yangon

ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်း စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယင်းမာပင်မြို့နယ် မြို့မ ရဲစခန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက် ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်းဂိတ်ဖြစ်သော ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Yenanthar Column မှ တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်းဂိတ်ဖြစ်သော ကျစ်ကိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားကတော့ ၁၅ ယောက်ဝန်းကျင်ပါ။ စစ်ခွေး အသေစာရင်းကတော့မသိရသေးပါဘူး။ စစ်ခွေး သေစာရင်းကို စုံစမ်းဆဲမို့လို့ပါ‌။ စစ်ရေးအရှိန်က ဆက်လက်မြှင့်တင်နိုင်ဖို့ ကြိုးစားနေတာမို့ ပြည်သူများ အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ကြေညာချက်တွေ သတိပေးချက်တွေကို အ‌လေးထားလိုက်နာပေးကြဖို့ပါပဲ” ဟု Yenanthar Column မှ တာ၀န်ရှိသူက ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စလင်းဘက်မှ စစ်ကောင်စီ တပ်သား အင်အား ၅၀ ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်သို့ဖြည့်တင်းထားပြီး စစ်ရေး အခြေနေတင်းမာနေကြောင်း၊ ထို့ကြောင့် ပြည်သူများ စံပြ-ဆည်တော် လမ်းပိုင်းကို အသုံးမပြုကြပါရန် Yenanthar Column က အသိပေး ပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောသားကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသော ရဲစခန်းကို ဒရုန်း ၆ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဓိက ကတော့ ရဲစခန်းကိုချတယ်။ သူတို့ အခမ်းအနားရှိတယ်ကြားလို့ချတာ ။ ဒရုန်း ၆ စီး နဲ့ ချခဲ့တာပါ။ စစ်ခွေးသေစာရင်း လောလောဆယ်တော့ မသိရသေးဘူး။ တိုက်ပွဲဖော်ဆောင်နေချိန်မှာတော့ နယ်မြေခံ သတင်းပေးတာကတော့ ရဲစခန်းထဲ ကျတယ်ပဲပြောတယ်။ စစ်ခွေးဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တယ်။ မဟာမိတ် ဒရုန်းတွေလည်း ပျက်စီးတာတွေလည်းများတယ်။ အဓိက ပြောချင်တာက ပြည်သူတွေ အားတင်းထားပါ။ မြေပြင်ရဲဘော်တွေဟာ ပြည်သူတွေအတွက် အသက်ပေးပြီလုပ်တာပါ ရောင်နီ လာတော့မှာပါ။ ခဏလေး အားတင်းထားပါလို့ ပြည်သူတွေအနေနဲ့ ထောက်ပံ့မှုတွေလည်း လုပ်ပေးကြပါ။ ဒရုန်းအတွက် အားဖြည့်ဖို့လည်း ပြည်သူတွေ အကူအညီလိုတယ်” ဟု တောသားကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကျားပျံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောသားကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပကဖ တိုက်နယ်၇၊ Gzဖိုက်တာတောဘုရင်၊ အာဠာဝက၊ ဗျူဟာ47၊ တောကျီးကန်၊ lbtf ၊ ယင်းမာပင် ဆားလင်းကြီး မဟာမိတ်ဒုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article