ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ရေလဲရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ် ရေလဲရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၄၄ နှစ် အရွယ် မောင်ချင်း ၊ အသက် ၇၀ နှစ်အရွယ် ဒေါ်ခင် နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်ခိုင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးသည် အသက် အန္တရာယ် စိုးရိမ်ရကြောင်း၊ ထို့ပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဗန်းမော် ရေလဲကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ပြည်သူပိုင် နေအိမ် ၂ အိမ် ထိခိုက် ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးထဲမှာ အမျိုးသမီး ၂ ဦးကတော့ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူများက တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

