ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်း၊ ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ် ၃ ခုကို တပြိုင်တည်းဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခွဲခန့်က ဖြူးမြို့နယ် ညောင်ပင်သာ အခြေစိုက် ခလရ ၅ တပ်ရင်း ဂိတ်၊ ခမရ ၃၀၆ တပ်ရင်းဂိတ်နှင့် ညောင်ကားယားကျေးရွာရှိ စစ်တပ်ဂိတ် ၃ ခုကို ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယင်း တိုက်ခိုက်မှုများအတွင်း ခလရ ၅ တပ်ရင်းဂိတ်တိုက်ခိုက်မှု၌ အရာခံ ဗိုလ် ၁ ဦး သေ ဆုံးသွားကြောင်း သိရသည်။
“ညက ၂ နာရီခွဲလောက် ဖြူးမြို့နယ် ၊ညောင်ပင်သာ ခလရ ၅ ဂိတ်ကို ဖြူးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ က ဝင်ပစ်တာ ခလရ ၅ တပ်ရင်းက အရာခံဗိုလ်တစ်ဦးကျသွားပါတယ် ၊ ၃၀၆ တပ်ရင်းဂိတ်၊ ညောင်ကားယား ဂိတ် ၃ ဂိတ်ကို တစ်ပြိုင်ထဲ ဝင်ပစ်တာလို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ အကြမ်းဖက်စစ်သားများ နင်းမိုင်းမိပြီး ၁ ဦးသေဆုံးကာ ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၄ ၊ လင်းယုန်ဂိတ်အ နောက်ခွေးအတောင်လမ်းပေါ်သို့ ထွက်လာသော အကြမ်းဖက်စစ်သား စစ်ကောင်စီတပ်သား သက် လွင်ဦး ၊ အောင်သန်းဝေ၊ ကျော်စွာမင်းနှင့်အခြားအမည်မသိစစ်သား ၄ ဦး ထွက်လာစဉ် နင်းမိုင်းများမိ ကာ တပ်သား သက်လွင်ဦးမှာ ခန္ဓာကို တစ်စီးဖြစ်၍ သေဆုံးသွားပြီး ကျန် ၃ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“အရင်ထောင်ထားတဲ့ မိုင်းတွေထဲကျန်နေတဲ့ မိုင်းတွေကို လာရှင်းတာ။ အရင်တစ်ခါကလည်း အဲဒီ နေရာမှာ မိုင်းမိဘူးလို့ သေဆုံးခဲ့တာရှိတယ်။ အဲဒါကြောင့် အခုတစ်ခုလည်း လာရှင်းတဲ့အချိန် မိုင်း ထပ်မိပြီးသေဆုံးတာပါ။” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ နင်းမိုင်းများကို ဆိပ်ဖြူတကိုယ်တော် ကျားဇိုး နှင့် ပေါက်မြို့နယ် ပကဖ ဇုံ ၁ တပ်ဖွဲ့အတူ ပူး ပေါင်းကာ ထောင်ထားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
