36.3 C
Yangon

မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non-CDM စာရေး မြင့်အေး နှင့် ပေါင်မြို့နယ်၊ ညောကုန်းကြီးရွာ အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ရုံးအုပ်ကြီး မြင့်အေး ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိတ္ထီလာမြို့ ထွေ/အုပ်ရုံးမှ ရုံးအုပ်ကြီး မြင့်အေးသည် ရေချိုရွာမှ မိတ္ထီလာမြို့ ထွေ/အုပ်ရုံးကို သွားရောက်စဉ် မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် ၉/၄ နှင့် အမှတ် ၉/၅အကြားတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိတ္ထီလာမြို့ ထွေ/အုပ်ရုံးက ရုံးအုပ်ကြီး မြင့်အေး ပစ်သတ်ခံရတာသေပြီလို့ သိရတယ်။ ရေချိုရွာကနေ မြို့ပေါ် ထွေ/အုပ်ရုံးကို ရုံးတက်ရန် အသွား လမ်းမှာ ပစ်ခတ်ခံရတယ်။ သူက စစ်မှုထမ်းစာရင်းတွေ အဓိက စုဆောင်းသူပါ။ ” ဟု ဒေသပြည်သူက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောကုန်းကြီးရွာ အုပ်ချုပ်ရေးမှူး လင် မယား ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ညောကုန်းကြီးရွာ အုပ်ချုပ်ရေးမှူး မြင့်စိုးနှင့်မိန်းမ မိငယ် တို့ နေအိမ်တွင်ရှိနေစဉ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မြင့်စိုး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non-CDM စာရေး မြင့်အေး သေဆုံးစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non-CDM စာရေး မြင့်အေး သေဆုံးစဉ်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article