29.7 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • NUG ဝန်ကြီးချုပ်ရဲ့ ရန်ကုန်နဲ့ ပဲခူးဒေသ စိုးမိုးရေး တပ်တွေရွှေ့နေပြီဆိုတဲ့ မိန့်ခွန်းကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနဲ့ အနီးတစ်ဝိုက် မြို့တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတွေ အထူးတိုးမြှင့်ခဲ့ပေမယ့် သူတို့စစ်တပ် ကင်းစခန်းငယ်တွေပဲ တိုက်ခိုက်ခံလိုက်ရပြန်တယ် ဆိုပြီး ကြေးနန်းပို့လာတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင်နောက်ထပ် စစ်ကောင်စီတပ်သား ၉ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
  • လားရှိုးမှာ အကြီးအကျယ် စစ်ရှုံးပြီး ကိုးကန့် MNDAA ရဲ့ စစ်သုံ့ပန်းဘဝကနေ စစ်ကိုင်းတိုင်းမှူးဖြစ် လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဆိုသူရဲ့ ကားတန်းဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြန်ပြီး သူနဲ့ပါလာတဲ့ ကားတန်းက စစ်သား ၃ ဦးက ပြင်းထန် ဒဏ်ရာတွေရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article