လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရသည့် လေးနှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် လေးဦး ကျဆုံးခဲ့ရသည့် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ဖေဖော်ဝါရီ ၂၈ ရက်၊ ညမှာ “လမ်းမထက်ကသွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
အဆိုပါ ညသပိတ်တွင် ဒေသပြည်သူ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသည့် ထားဝယ်အမျိုးသားအာဇာနည် လေးဦးအပြင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူများကို အလေးပြုခြင်း၊ ဝမ်းနည်းကြောင်းအထိမ်းအမှတ် လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြသည်။


