ဒီကနေ့ မတ် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကိုးကန့် MNDAA ရဲ့ တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့် တိုင်းစစ်ဌာနချုပ် လက်ကိုင်မရှိတဲ့ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး အပါအဝင် ထိပ်တန်းစစ်အရာရှိကြီး ၅ ဦး ကို စစ်ကောင်စီက တရုတ်ကျားဖြန့်ဂိုဏ်းတွေဆီကနေ ငွေကြေးရယူမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးဇင်ယော်ဆီကနေ သိရပါတယ်။
- စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြုလုပ်တဲ့ ပြန်တမ်းဝင်အရာရှိစာမေးပွဲ ရေးဖြေ မေးခွန်းတစ်စုံကို သိန်း ၃၀ နဲ့ လက်သိပ်ထိုး ရောင်းချခဲ့ပြီး ဖြေဆိုသူနည်းပါးနေချိန် ငွေပေးနိုင်သူတွေသာ စာမေးပွဲအောင်ဖို့ သေချာနေတယ်လို့ စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ Non-CDM ဝန်ထမ်းတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို စစ်မှုစာရင်းသွင်းဖို့ လက်မှတ်ရေး ထိုးခိုင်းပြီး စစ်မှုထမ်းရမယ့်အချိန်မှာ လူငယ်တွေ ထွက်ပြေးတိမ်းရှောင်တာ၊ ပြည်ပရောက်လူငယ်တွေ စစ်မှုထမ်းဖို့ မြန်မာနိုင်ငံကို ပြန်မလာတာတွေ ဖြစ်ပေါ်လာရင် မိဘဆွေမျိုးတွေကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ နဲ့ ထောင်ဒဏ်ချမှတ်မယ်လို့ ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေတဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
