36.9 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ မတ် ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမြောက်ဘက်၌ PDF တပ်ဖွဲ့ဝင်များက ဘန်ကာတစ်ခုတည်ဆောက်ပြီး စစ်မြှူခဲ့ရာ မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီ တာယုမွန်ပါ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရောက်ရှိလာပြီး ယင်းဂိတ်ကို ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဂိတ်စခန်းဖျက်ဆီးနေစဉ် နောက်ပိုင်းမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီးများ ထိခိုက်သေဆုံးမှုများပြီး စစ်ကူခေါ်ခဲ့ကြောင်း သိရသည်။

“မြင်းခြံဘက်ကနေ လယ်သစ်ကပျူတွေနဲ့ပေါင်းပြီး ခြေလျင်စစ်ကြောင်းထိုးလာတာ၊ လမ်းမှာ PDF အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ချထားတဲ့ဂိတ်ပေါ့၊ သူတို့က အဲဒီဂိတ်ကိုလာပြီးတော့ ပစ်ဖို့ ခြေလျင် စစ်ကြောင်းထိုးလာတာပေါ့၊ အဲဒီဂိတ်က အယောင်ပြထားလိုက်တာ၊ စစ်မြှူတဲ့သဘောပေါ့၊ သူတို့က အဲဒီဂိတ်ကိုပဲ မဲနေတဲ့အချိန်က ကျနော်တို့က နောက်ကနေ နောက်ပိုးဝင်သိပ်တာပေါ့၊ အဲဒီတိုက်ပွဲက လယ်သစ်မြောက်ဘက်နားမှာပေါ့၊ စခတွေအထိနာတယ်၊ လမ်းပေါ်မှာတင် သွေးအိုင်တွေ၊ သွေးကွက် တွေကျန်နေခဲ့တာ။ သူတို့အထိနာတော့ သံချပ်ကာ ကား ၂ စီးကို တပ်ကူလှမ်းခေါ်တာပေါ့၊ သံချပ် ကာ ကားပေါ်ကနေ ငါးကြင်းမြီးနဲ့ ပစ်တာ၊ အဲဒီမှာ ငါကြင်း ပြီးပစ်တဲ့သူ သေသွားပြီးတော့ သံချပ်ကာ ကားလည်း ပြန်ဆုတ်သွားတာ။ ထိခိုက်သေဆုံးမှုကတော့ တော်တော်များတယ်။ ထိခိုက်သေဆုံးမှုက တိတိကျကျတော့ ပြောလို့မရဘူး။ တော်တော်များတယ် လို့တော့ သိရတယ်၊ နောက်ပိုင်းဖောကားနဲ့ ပြန်ကောက်တင်သွားတာ၊ ကျနော်တို့ဘက်က အနားအ ထိကပ်လို့မရတဲ့ ပြန်ဆုတ်ခဲ့ရတာဆိုတော့ အတိအကျမသိရတာ။ လေကြောင်းပစ်ကူကလည်း ၅ ကြိမ် ၆ ကြိမ်ထက်မနည်း ဗုံးသီးတွေနဲ့ လည်း ကျဲတယ်။ ရော့ကတ်တွေနဲ့လည်း ပစ်တယ်။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုနောက် မတ်လ ၂ ရက် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ပျူစောထီးစခန်းအား ဝင်ရောက်တိုက် ခိုက်ရန် ချဉ်းကပ်နေစဉ် မြင်းခြံမြို့မှ ထွက်လာသော စစ်ကား ၃ စီးဖြင့် ရုတ်တရက် ဝင်ရောက်လာသ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားပေါ်ပါ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး မြင်းခြံမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကူအင်အားအများအပြား ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“လယ်သစ်ပျူအထိုင်စခန်းကို ဝင်တိုက်မယ်ဆိုပြီးတော့ သွားတာ၊ အဲလိုသွားတဲ့အချိန်မှာ မြို့ပေါ်က နေ ရုတ်တရက် ကား ၃ စီးထွက်လာတာ၊ ကျနော်တို့ စောင့်နေတဲ့ နေရာနဲ့ တည့်တည့်ဝင်တိုးတာ၊ တည်တည်ချင်းကား (ပထမဆုံးကား)ကတော့ ဘာမှကို ပြန်မပစ်နိုင်ဘူး။ ကားပေါ်ကနေ ဆင်းပြေး တဲ့သူတွေက ပြေးနဲ့ တော်တော်လေးကို အထိနာတယ်။ အဲလိုတိုက်ခိုက်ခံရတော့ နောက်ကားတွေ လည်း ပြန်ဆုတ်ပြေးတာ၊ ပြီးတော့ လေကြောင်းကနေ ပစ်ကူလာတယ်။ ဗုံးသီး ၂ လုံးကျဲတယ်။ ပြီး တော့ ရော့ကတ်ပစ်တယ်။ အဲဒီနေရာမြင်းခြံမြို့နဲ့လည်း ကပ်နေတော့ ပျူစခန်းနဲ့ကလည်း အရမ်းနီး နေတော့ စစ်ကူလာမယ်ဆိုရင် မြန်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတာ။ ထိခိုက်သေဆုံးမှုကတော့ များနိုင် တယ်၊ အရေအတွက်က အတိအကျ မသိရတာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လာပြီး မိနစ် ၃၀ ခန့်ကြာ ချိန် တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအား ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မြေပြင်မှ ဝင်ရောက်လာသော စစ်ကြောင်းကလည်း ကျောက်ပြုတ်ကျေး ရွာကို ဝင်ရောက်မီးရှို့သွားကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် မဟာမိတ်တပ်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article