27.3 C
Yangon

ကျောက်ကြီး၊ မူးမြို့နယ်နှင်ဘားအံမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃

ကရင်အမျိုးသားအစည်းအရုံး KNU စိုးမိုးထားသော ကျောက်ကြီး၊ မူးမြို့နယ်နှင်ဘားအံမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီ အချိန် မူးမြို့နယ်၊ ဟော်ခိုဂေါ် (ငထွေစုတ်)ကျေးရွာသို့ စစ်လေယာဉ်ဖြင့် ပစ်ခတသ်ဖြင့် အဆိုပါ ကျေးရွာတွင် စစ်ဘေးရှောင်လာရောက်နေထိုင်သည့် သေဂေလူရွာသား အသက် ၂၅ နှစ်အရွယ် နော်ပိတောက်ဝါ သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် စောသန်းလွင်ထွန်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန် ကျောက်ကြီးမြို့နယ်တွင် ခလရ-၂၆၄တပ်က ပိန်းဇလုတ်တာဆုံမှနေ၍ ၈၁မမ လက်နက်ကြီး ၄လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရေလည်ကျွန်း ကျေးရွာ နှင့် အိုင်ဒိုးချောင်းဘေးကျရောက်ပေါက်ကွခဲ့ကြောင်း၊ အရပ်သားပြည်သူ ၁ ဦးဖြစ်သော အသက် ၅၀ နှစ်အရွယ် ဦးခင်မောင်ရီ ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခြင်း၊ အိမ်မွေးနွားများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန် ဘားအံမြို့နယ်၊ မဲသနကျေးရွာနှင့် ထီးကျော်ခီးကျေးရွာ အနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ ထိုဗုံးကျဲ မှုကြောင့် နေအိမ်နှင့် မဲသနတောင်ခြေ ဘုန်းတော်ကြီးကျောင်း၏ ဘုရားကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် မဲသနကျေးရွာ စာသင် ကျောင်းဝင်းအပါအဝင် ဒေသခံပြည်သူများ၏ ရာဘာခြံများနှင့် လူနေထိုင်ရာဒေသများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article