23.3 C
Yangon

ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နံနက် အစောပိုင်း ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ အိမ်ခြေ ၃၀၀ ကျော်ရှိသော ညောင်ပင်ကြီးစုကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၇၀ ခန့် အရွယ် အဖိုးအဖွား လင်မယား ၂ ဦး ဗုံးစထိမှန်ခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်တပ် စစ်ကြောင်းတွေက မြို့နယ် အများစုကို ခြေလျင်စစ်ကြောင်း မလာနိုင်တော့တဲ့ အတွက် လေကြောင်းကိုပဲ အားကိုးပြီး ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပေါ့။ ပြည်သူတွေ သေဆုံးမှုတော့မရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အဖိုးအဖွား လင်မယား ၂ ဦးလည်း မစိုးရိမ်ရဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ပြည်သူများအနေဖြင့် လူစုလူဝေး ဖြစ်စေသည့် အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန်နှင့် လေကြောင်း အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသက်ကယ်ဗုံးခိုကျင်းများ ကျေးရွာတိုင်း (မိသားစုတစ်နိုင်တပိုင်ဗုံးခိုကျင်းများ) လုပ်ဆောင်ထားရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – လွန်ခဲ့သော ဇန်နဝါရီလအတွင်း ခင်ဦးမြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုခံခဲ့ရသည့် ပြည်သူများ၏ နေအိမ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လွန်ခဲ့သော ဇန်နဝါရီလအတွင်း ခင်ဦးမြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုခံခဲ့ရသည့် ပြည်သူများ၏ နေအိမ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article