27 C
Yangon

ကျောက်ကြီး၊ မူးမြို့နယ်၊ မြင်းခြံနှင့် စစ်တွေမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့်မူးမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံကျဲတိုက်ခိုက်သဖြင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့ KNU အုပ်ချုပ်မှုနယ်မြေ ကျောက်ကြီး မြို့နယ်၊ အင်းနက်ကျေးရွာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လုံးထိမှန် ပျက်စီးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်က အင်းနက်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ၁၂၀မမ ဗုံး ၃ လုံး ပစ်ချခဲ့ရာ အသက် ၇၃ နှစ်အရွယ် ဦးသောင်းမြင့်၊ အသက် ၇ နှစ်အရွယ် မောင်သက်ထူးစံ တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း၊ ယင်းအပြင် ဦးစိန်မြင့်၏ နေအိမ် ထိမှန်ပျက်စီးသည့်အပြင် အိမ်မွေးနွား ၃ ကောင် လည်း ထိမှန် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် အချိန် စစ်တပ်က မူးမြို့နယ် ဟော်ခိုဝေါ်(ငထွေစုပ်) ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲခဲ့ရာ စောထွန်းနိုင်၏အိမ်ဘေးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ဓာတ်ဆီ ၂ ပီပါနှင့် ရေနံဆီ ၃ ပီပါထိမှန်မီးလောင်ပျက်စီးခဲ့ရသည့်အပြင် ဆား ၂၀ အိတ် နှင့်ထွန်စက် ၁ ဘီးတို့လည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ဝါဘိုရွာကိုစစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တွေမြို့နယ်၊ ဂန့်ဂေါ်ကျွန်းရွာတွင် စခန်းချထားသော စစ်တပ်က ဝါဘိုရွာသို့ ဒရုန်းဖြင့် ဗုံးလာကျဲခြင်းဖြစ်ကြောင်း Arakan Princess Media က သတင်းဖော်ပြသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျောက်တိုင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် မြင်းခြံမြို့နယ် ကျောက်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျဲ တိုက်ခိုက်မှု ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဗုံးသီး ၂ လုံးကျဲချ တိုက်သွားတယ်လို့ ပြောတယ်။ မြေပြင် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ လူအထိအခိုက်မရှိဘူးလို့ ကြားထားပေမယ့် အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article