35 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံးစစ်သား အလောင်း ၃ ခုကို တွင်းတစ်ခု အတွင်း စုပြုံထိုးထည့် စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ မတ် ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က သေဆုံး စစ်သား အလောင်း ၃ လောင်း ကို တွင်းတစ်ခုအတွင်း စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တနင်္သာရီမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာဘက်သို့ တောလမ်း အ တိုင်း ခြေလျင်ဖြင့် စစ် ကူတက်လာသည့် စစ်ကောင်စီတပ်သားများကို တမုတ်ချုံးရွာ နှင့် လယ်တောင်ယာရွာကြား၌ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်သားများထံမှ ကျန်ရစ်ခဲ့သည့် ခဲယမ်းအချို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားသည့် နေရာအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် သေဆုံးသွားသည့် စစ် ကောင်စီတပ်သား အလောင်း ၃ ခုကို တွင်းတစ်ခုထဲ၌ စွန့်ပစ်ကာ စုပြုံစွန့်ပစ်ထားခဲ့သည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ်ပကဖ ဇုန် ၄ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းတွင် စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် ဒေသနေ မိဘပြည်သူ များ၊ ခရီးသွားမိဘပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန်မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article