35 C
Yangon

ကြို့ပင်ကောက်တွင် PDF သတင်းများကို စစ်တပ်ထံသို့ စုံစမ်း ပေးပို့နေသည့် ပျူစောထီး မြင့်လွင်ကို ထိန်းသိမ်းထားစဉ် ထွက်ပြေးသွား၍ လိုက်လံ ဖမ်းဆီးရာမှ သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၀

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စုံစမ်း၍ စစ်တပ်ထံသို့ ပေးပို့နေသည့် ပျူစောထီး မြင့်လွင်ကို ထိန်းသိမ်းထားစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေး ပျူစောထီး မြင့်လွင်ကို အလယ်ကုန်းရွာနှင့် ကျစွာဘုရား အကြားရှိ ဆက်သွယ်ရေးလမ်းပိုင်း၌ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁စီးနှင့် အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှု ပြုလုပ်စဉ်တွင်လည်း ၎င်းကိုယ်တိုင် စစ်တပ် သတင်းပေးဟု ဝန်ခံထွက်ဆိုခဲ့ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် တော်လှန်ရေးရဲဘော်များ အိပ်ပျော်နေစဉ် ထွက်ပြေးသွားကြောင်း၊ ထိုသို့ ထွက်ပြေးသွားသည်ကို စခန်းအတွင်း ကင်းလှည့်နေသည့် တော်လှန်ရေး ရဲဘော်များက တွေ့မြင်သွား၍ လိုက် လံ ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပျူစောထီး မြင့်လွင်သည် ရွှေပန်းတော အထက်တန်းကျောင်း၌ ကျောင်းစောင့်အဖြစ် လုပ်ကိုင်ကာ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း၍ အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်း၊ အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ ဒေသပြည်သူများ၏ ဆိုင်ကယ်များကိုလည်း စစ်တပ်နှင့် အတူ ဖမ်းဆီးခြင်းများလုပ် ဆောင်နေသူဖြစ်ကြောင်း၊ ထို့ပြင် မြင့်လွင်သည် အလယ်ကုန်းရဲစခန်းမှ ဖွဲ့စည်းထားသော ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်ကြောင်း သိရသည်။

” ၈ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေကို ကျွန်တော်တို့ မိုင်းဆွဲပြီး ၂ နာရီလောက်ကြာတော့ ပျူစောထီး မြင့်လွင် ဆိုင်ကယ်စီး လာတာကိုတွေ့လို့ ဖမ်းလိုက်တာပါ။ သူ့ကိုမဖမ်းခင်မေးတော့ ကျောင်းသားတွေ လာကြိုတာလို့ ပြောပေမယ့် တော်လှန်ရေး သတင်းစုံစမ်းဖို့ လာတာလို့ နောက်တော့ထွက်ဆိုပါတယ်။ သူ့ကိုစခန်းမှာ စစ်မေးပြီးတော့ ထိန်းသိမ်းထားတာကို အခုနံနက် ကျွန်တော်တို့ရဲဘော်တွေ ကင်းပတ်သွားချိန် စခန်းစောင့်ရဲဘော် အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးပါတယ်။ အဲ့လိုပြေးလာတဲ့ သူနဲ့ ကင်းပတ်နေတဲ့ရဲဘော်တွေ တောစပ်မှာ တွေ့တော့ ပြန်ဖမ်းတာကို ထွက်ပြေးဖို့ကြိုးစားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article