35 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က ဘယ်လာရုစ် နိုင်ငံမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာစီးပွားရေး ပိတ်ဆို့ ခံရရင် တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာဆော့ဝဲတွေ အင်အားစုစည်းမှု ပိုမိုရရှိစေတယ်ဆိုပြီး Sanctions နဲ့ Softwaer ဆိုတဲ့ အင်္ဂလိပ်စကားကို သေချာနားမလည်ဘဲ မှားယွင်းပြောဆိုခဲ့တာကို သတင်းစာထဲမှာ ပြင်ဆင်ချက်ဆိုပြီးထည့်ရတဲ့အပြင် သတင်းရုပ်/သံဗီဒီယိုတွေ အားလုံးကိုပါ ပြန်လည် ပြင်ဆင်တည်း ဖြတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မသိမ်း ပိုက်ခင်က စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေဟာ လားရှိုး တိုင်း ၃ မီးရထား စက်ခေါင်းပြင် စက်ရုံအတွင်းက ဆီဂါလံ ရာနဲ့ချီ အပါအဝင် သံထည်ပစ္စည်းတွေအားလုံးကိုပါ ခိုးယူ ရောင်းစားခဲ့တဲ့ အချက်အလက်တွေကို လက်ရှိ တော်လှန်ရေးတပ်တွေနဲ့ CDM ဝန်ထမ်းတွေ သွားရောက်စစ်ဆေးတဲ့ အချိန် စိစစ်တွေ့ရှိခဲ့ရတယ်လို့ CDM သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ဘက်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦးကတော့ ပစ်ခတ်မှုတွေအတွင်းမှာပဲ အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article