ရန်ကုန်၊ မတ် ၁၂
ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် ထိုင်းရောက်မြန်မာလုပ်သားတော်လှန်လူငယ်များက “ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ စာသားများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို မြန်မာအလုပ်သမားထု၏ အခြေခံလွတ်လပ်ခွင့်၊လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအပေါ် မတရားဖိနှိပ်တားမြစ်ခြင်းများ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် “ Article 33 “ ဖြင့် ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုတိုက်တွန်းလို၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအလုပ်ရုံစက်ရုံများမှ မြန်မာလုပ်သားများလည်း ပူးပေါင်းပါဝင်ပေး
ဖို့ ဖိတ်ခေါ်ကြောင်း၊ ပါဝင်လိုသူများ MHAC မဟာမိတ်အဖွဲ့ ထံသို့လည်း ပေးပို့နိုင်ပါကြောင်း အေအေစီ ကိုရဲမင်းက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
















