33 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်၊ မကွေး နဲ့ ပဲခူးတိုင်းက စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခဲ့ရတဲ့ လူငယ်တွေဟာ စစ်သင်တန်း မပြီးဆုံးခင်မှာပဲ ရှေ့တန်းစစ်မြေပြင်တွေ အပို့ခံနေရပြီး သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေ တော်တော်ကို များနေတယ်လို့ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ နီးစပ်သူ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ရွှေမြင်တင်တောင် ဘုရားပွဲကိုလာရောက် လည်ပတ်တဲ့ လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်သွားပြီး ငွေကြေး တက်နိုင်တဲ့မိဘတွေက သူတို့သားသမီးတွေကို ငွေကျပ် ၄၅ သိန်းနဲ့ ပြည်လည်ရွေးထုတ်နေခဲ့ ရသလို ၊ ငွေကြေးမတက်နိုင်တဲ့လူငယ်တွေကတော့ တပ်သားသစ်အဖြစ်စုဆောင်းခံလိုက်ရပြီလို့ ဒေသခံပြည်သူ တွေကပြောထားသလို ဖမ်ဆီးခံရတဲ့ လူငယ်တွေနဲ့ နီးစပ်သူတွေကလည်း ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက ကျောက်ပန်းတောင်းမြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး သန်းဇော်ဦး ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article