27 C
Yangon

ကနီမြို့နယ်တွင် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကနီမြို့နယ်တွင် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ကနီမြို့နယ် အုမ္မကျေးရွာနှင့် ယင်းကျေးရွာအကြားတွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ပိုင်းက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာ တောင်ယာထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာတွေတော့ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article