ရန်ကုန်၊ မတ် ၁၉
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မလေးရှားသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာလူငယ် ၁၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
မတ်လ ၁၈ ရက်နေ့ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့သွားရောက်ရန် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလူငယ် ၁၉ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ တရားမဝင် ဝင်ရောက်လာသော မြန်မာလူငယ်များက ရေလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက် ကြိုးစားခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက အနက်ရောင် တာပေါ်လင်အစဖြင့် ဖုံးအုပ်ထားသည့် သံသယဖြစ်ဖွယ် လှေတစ်စင်းကို တွေ့ရှိရသဖြင့် ရပ်တန့်ခိုင်းကြောင်း၊ သို့ရာတွင် ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီး ရှာဖွေရာ လှေပေါ်တွင် မြန်မာလူငယ် ၁၉ ဦးကို တရားမဝင် ခေါ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း၊ လှေမောင်းသမား ထိုင်းနိုင်ငံသား ၂ ဦးနှင့်အတူ မြန်မာလူငယ် ၁၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြန်မာလူငယ် ၁၉ ဦးသည် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ရန် ထွက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




