ရန်ကုန်၊ မတ် ၁၉
၅၁ နှစ်မြောက် မွန်ပြည်နယ်နေ့ အဖြစ် မင်းအောင်လှိုင်က စာပေးပို့စဉ် အထက်ပါအတိုင်း ပြောဆိုရေးသားလာခြင်းဖြစ်သည်။
ပြည်သူလူထု၏ မဲဆန္ဒဖြင့် NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိသော ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှု ရှိသည်ဟုဆိုကာ အာဏာလုယူခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံ သားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကိုလေးစားလိုက်နာခြင်းနှင့် အသိ ဉာဏ်ပညာ ပြည့်၀ခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်း၊ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေ အနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရ သဖြင့် တည်ငြိမ်အေးချမ်းမှု အားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေသည်ဟု ပြောဆိုသည်။
ထို့ပြင် ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်၍ လည်းကောင်း၊ လက်နက် ကြီးများ ပစ်ခတ်၍ လည်းကောင်း၊ စစ်ကြောင်းထိုး၍ လည်းကောင်း နည်းလမ်း မျိုးစုံဖြင့် သတ်ဖြတ်လျက်ရှိသော မင်းအောင်လှိုင်က တိုင်းရင်းသားလက် နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများအနေဖြင့် ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံ နှင့် ပြည်သူ အကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေး မှာကြားလိုသည် ဟုဆိုသည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၏ နေအိမ်များကို ဖျက်ဆီး မီးရှို့ဖျက်ဆီးကာ ပြည် သူပိုင် အဖိုးတန်ပစ္စည်းများကို လုယက်နေသော စစ်ကောင်စီတပ်၏ ခေါင်း ဆောင် မင်းအောင်လှိုင်က ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ် ပျက်သုန်း ဒုက္ခ ရောက်နေမှုကို သင်ခန်းစာယူရန် အချိန်အခါကျပြီဖြစ်ကြောင်း၊ စစ်ကောင်စီအနေ ဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါ်လာသည့် အစိုး ရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုပြန်သည်။
မင်းအောင်လှိုင်က ထိုသို့ ပြောဆိုနေသော်လည်း မြေပြင်တွင်မူ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ အမျိုးသားလူငယ်များကို နိုင်ငံတစ်ဝန်းတွင် စစ်မှု ထမ်း ခိုင်းရန် ဖမ်းဆီး ပေါ်တာဆွဲခြင်း ၊ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ဘက် ပစ်မှတ်မဟုတ်သော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများကို အကြောင်း မဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း အပါအဝင် ဥပဒေမဲ့ အကြမ်းဖက် ရက်စက်မှုများကို စစ်တပ်က ကျူးလွန်နေကြောင်း ပြည်တွင်းပြည်ပအရပ်ဘက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
