28 C
Yangon

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာ ဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာ ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ စဥ်ကိုင်ကျေးရွာကို တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဘုရားကျောင်းဆောင် ၁ ခု ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၉ နာရီ ၂၅ မိနစ်မှာ တစ်ကြိမ် နဲ့ ၉ နာရီ ၃၀ မိနစ်မှာ တစ်ကြိမ် ပေါင် ၁၀၀ ဗုံးသီးလို့ ယူဆလို့ရတယ်။ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်သွားတယ်။ လေကြောင်း တိုက်ခိုက်မှုမှာ ဘုရားကျောင်းဆောင်တစ်ခု ပျက်စီးသွားတယ်။ ပြည်သူ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ စစ်ကောင်စီက ဘုရားကျောင်းနဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာပါ” ဟု Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article