Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခြင်းမရှိဘဲ သဘောထား ကွဲလွဲသူတွေကသာ ဆန့်ကျင်မှုတွေလုပ်ရန် အကြမ်းဖက်မှုတွေ လုပ်နေတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပိုင်းက စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို တရားမဝင် ဝင်ရောက်လာစဉ် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
