26 C
Yangon

စလင်းမြို့နယ်၊ ကျပင်းမြောက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး လက် ပြန် ကြိုးတုပ် သတ်ဖြတ်ကာ အိမ်သာကျင်းထဲတွင် အလောင်းများ စွန့် ပစ်၊ စစ်ဘေးရှောင်ပြည်သူ ၅ ဦးမှာလည်း တောထဲတွင် ရောဂါဖြင့် သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းမြောက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခဲ့ကာ စစ်ဘေးရှောင် ရောဂါ အခံရှိသူ ပြည်သူ ၅ ဦးလည်း တောထဲ၌ သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့က စတင်ပြီး မင်းဘူးဘက်မှ လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့ မှ ၁၁ ရက်နေ့ထိ ကျပင်းမြောက်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦးကို ကျေး ရွာ စာသင်ကျောင်း အတွင်း ဖမ်းဆီးခဲ့ပြီး နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ပင်စင်စား ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ထိုကျန်ရှိသူ ပြည်သူ ၄ ဦးဖြစ်သည့် အသက် ၄၀ နှစ် အရွယ် ပြည်သူ ၁ ဦး၊ အသက် ၅၀ နှစ် အရွယ် ပြည်သူ ၂ ဦးနှင့် အသက် ၆၀ နှစ်အရွယ် ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်ပြန်ကြိုးတုပ်၍ သတ်ဖြတ်ပြီး ကျေးရွာထဲ၌ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၄ ခုမှ သောင်းနှင့်ကျော်သော ပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ထိုသို့ တိမ်းရှောင်သူများထဲမှ ရောဂါ အခံရှိသူ ပြည်သူ ၅ ဦးသည် လည်း တောထဲ၌ သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ သတ်ဖြတ်သွားတာက ပြည်သူ ၄ ဦးပါ။ စစ်ရှောင်ရင်း တောထဲမှာ ရောဂါနဲ့ သေဆုံးသူက ၅ ဦးရှိပါတယ်။ စစ်ရှောင်တွေကတော့ တစ်ချိန်တည်း သေဆုံးကြတာမဟုတ်ဘူး။ ရက်တွေလည်းမတူဘူး။ ကျေးရွာတွေလည်း မတူကြဘူး။ ဆက်လက် စုံစမ်း အတည်ပြုနေပါတယ်။ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူတွေက ကျပင်းမြောက်ရွာကပါ။ အသက်၄၀ အရွယ် ၁ ဦးနဲ့ ၅၀ ခန့် ၂ ဦး၊ နောက်ပြီး ၆၀ ကျော် ၁ ဦးတို့ကို သတ်ဖြတ်သွားတယ်လို့ သိရတယ်။ ရုပ်အလောင်းတွေကို လက်ပြန်ကြိုးတုပ်လျှက် တွေ့ရှိခဲ့တာပါ။ စစ်ခွေးတွေ သတ် ဖြတ်ပြီး သွေးအိုင်ထဲကနေ အလောင်းကို ဆွဲယူလာခဲ့ပုံရတယ်။ နောက်ပြီး ကျင် စက်တွေလည်း ဆင်ထားတယ်လို့ ပြောတယ်။ နယ်မြေအားလုံး မရှင်းရသေးလို့ မသွားနိုင်ခဲ့ဘူး။ နင်းမိုင်း ၃ လုံး တွေ့ပြီး ဖော်ထားနိုင်တယ်လို့သိရပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နေပူကန်ရွာနှင့် ကုက္ကိုတန်းရွာမှ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်း စစ် ကြောင်းသည် မတ်လ ၁၇ ရက်နေ့တွင် စလင်းမြို့နယ် အတွင်းမှ ပြန် လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article