ရန်ကုန်၊ မတ် ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း KIAစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ဖားကန့်ဘက်မှ ဆင်းလာသည့် အကြမ်းဖစ်စစ်တပ်က ဖားကန့်အဆင်း ကျောက်ဖျာရွာရှိ KIA နှင့် PDF ပုးပေါင်းတပ်ဖွဲ့ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ဂိတ်ကို မီးရှို့ခဲ့ကြောင်း၊ လဝရွာကိုလည်း မတ်လ ၂၂ ရက်နေ့တွင် တိုက်လေယာဉ်နှင့် ဗုံး ၂ ခါကျဲကာ ရွာထဲတွင် ဝင်ရောက်တပ်စွဲလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“လောလောဆယ်တော့ လဝရွာမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက တပ်စွဲထားတယ်။ လဝရွာမှာ ပြည်သူတွေ အကုန်ီနပါး စစ်ရှောင်နေကြရတယ် စစ်ကောင်စီ စစ်ကြောင်းဝင်လာတော့” ဟု စစ်ရေးသတင်းရင်းက ပြောကြားသည်။
ထို့ပြင် ဖားကန့်ဘက်တက်သည့် လမ်း ကားမိုင်းဘက်မှ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထပ်တိုးလာ၍ KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
“ဖားကန့်လမ်းဘက်ကိုကျတော့ ဖားကန့်လမ်း အဆင်းဘက်ကနေ စစ်ကြောင်းတစ်ခု ထိုးလာတယ်။ ဖားကန့်ဘက် တက်တဲ့လမ်း ဒီ ကားမိုင်းဘက်ကနေ စစ်ကြောင်းတစ်ခု ထိုးတယ်။ ဒီ လဝဘက်ကနေ စစ်ကြောင်းတစ်ခုထိုးတယ်။ ဖားကန့်မှာ စစ်ရေးလှုပ် ရှားမှုရှိတယ်။ လောလောဆယ်တော့ ဖားကန့်လမ်းပိုင်းမှာ တိုက်ပွဲ ၃ နေရာဖြစ်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်နေ၍ ဗန်းမော်ဘက်သို့ စစ်ကူမပို့နိုင်ချိန်တွင် ဖားကန့်ဘက်တွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်း ရင်းမြစ်က သုံးသပ်ထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
