28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက မန္တလေးမြို့မှာရှိတဲ့ ရပ်ကွက်တွေမှာ လူငယ်တွေအားလုံးကို စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ မဲနှိုက်ခိုင်းမှာဖြစ်တယ်လို့ မန္တလေးမြို့နေ ပြည်သူတွေ က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • မန္တလေးတိုင်း ၊ ငါးဇွန်မြို့နယ်က မန္တလေး-မြင်းခြံ လမ်းပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အတင်းအဓမ္မ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ အဲဒီ စစ်သားအလောင်းတွေကို စက်မှုဇုန်ထဲ အသည်းအသန် သယ်သွားကြတယ်လို့ နဂါးနီပြောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းမြောက် ကျေးရွာနေ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခဲ့ပြီး အိမ်သာကျင်းထဲမှာ ရုပ်အလောင်းတွေကို စွန့်ပစ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article