ရန်ကုန်၊ မတ် ၂၇
နေပြည်တော်တွင် ရာသီဥတုပူပြင်းနေ၍ စစ်တပ်က ယနေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅ နာရီမှစတင်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နှစ်မှစတင်၍ စစ်ကောင်စီက စစ်ရေးပြအခမ်းအနားကို ညနေပိုင်းစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း စစ်ရေးပြအခမ်းအနားကိုလည်း ညနေပိုင်းတွင်သာ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယနေ့ ညနေ ၅ နာရီအချိန်တွင် စစ်ကြောင်းများ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ညနေ ၃ နာရီမှ ၄ နာရီအတွင်း စစ်ကြောင်းများ အသင့်ပြင်ဆင်ခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် စစ်ကြောင်းများ စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်ကို ချီတက် အလေးပြုကာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်စစ်ဆေးခြင်းနှင့် စကားပြောခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
