26 C
Yangon

အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ

Must read

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အနေဖြင့် အကျပ်ကိုင်တောင်းဆိုမှုများကို အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိ၍ စစ်ဆက်တိုက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က နိုင်ငံအတွင်းဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာများကို အခွင့် ကောင်းယူပြီး PDF များနှင့်အတူ နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေး ပျက်ပြားအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း၊ စစ်တပ်အနေဖြင့် စစ်ကို ဆက်လက် ဆင်နွှဲမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် ၎င်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲ လမ်းကြောင်းမှ တစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဆက်လက်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) နှင့် ပုဒ်မ ၆ (စ) အရ စစ်တပ်က အမျိုးသားနိုင်ငံရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ စစ်တပ်အနေဖြင့် နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article