26 C
Yangon

မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်က ရဲမေများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်နေသည့်အပြင် လာဘ်စားမှု၊ ကြီးနိုင်ငယ်ညှဉ်းလုပ်ဆောင်မှု၊ အာဏာအလွဲသုံးစားမှုများ ကျူးလွန်နေ

Must read

ရန်ကုန်၊ မတ် ၂၇

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်က ရဲမေများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ကာ ငြင်းဆန်သူများကို တိုက်ပွဲဖြစ်ပွားရာ ရဲစခန်းများသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းလှမြို့နယ် ရဲစခန်းတွင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်က စခန်းတွင် တာဝန်ကျနေသည့် ရဲမေများကို ခန္ဓာကိုယ်ချင်းထိတွေ့ကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်နေကြောင်း၊ ထိုသို့ ၎င်းခိုင်းစေသော အရာများကို မပြုလုပ်ပေးသော ရဲမေများကို တိုက်ပွဲဖြစ်ပွားသော ရဲစခန်းများသို့ ရွှေ့ပြောင်း ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်သည် နေပြည်တော်မှ ပြောင်းရွှေ့လာသော အိမ်ထောင်သည် အရာရှိတစ်ဦးဖြစ်သော် လည်း ဇနီးဖြစ်သူက လိုက်ပါလာခြင်းမရှိကြောင်း၊ ၎င်းက မင်းလှမြို့နယ် ရဲစခန်းတွင်သာ နေထိုင်ပြီး ရဲမေ တချို့ကိုလည်း ၎င်းနေထိုင်ရာ နေရာသို့ ခေါ်၍ အတင်းအကျပ် စော်ကားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ရဲစခန်းမှ ရဲတပ်သားများကိုလည်း လူငယ်များကို စစ်မှုထမ်းခိုင်းရန် အတင်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးရန် စေခိုင်းမှုများ ပြုလုပ်ခိုင်းပြီး ဖမ်းဆီးရန် ငြင်းဆန်သူများကို တိုက်ပွဲဖြစ်ပွားသော နယ်မြေများသို့ စေလွှတ်ခြင်းကြောင့် မင်းလှရဲစခန်းမှ ထွက်ပြေးသည့် ရဲတပ်သား ၂၆ ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်သည် မင်းလှမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသူများထံမှ အကြီးအကျယ် ဆက်ကြေး ရယူနေသူဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကိုလည်း ၎င်းဦးဆောင်၍ လိုက်လံ ချိတ်ပိတ်နေသူဖြစ်ကြောင်း သိရှိရသည်။

“သူက ရဲမေတွေကို ညဘက်ခေါ်ပြီး နှိပ်ခိုင်းတယ်။ သူခိုင်းတာလုပ်ပေးတဲ့လူဆို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ မလုပ်ပေးတဲ့ ရဲမေတွေဆို နယ်ပြောင်းတာတို့ ဘာတို့လုပ်တယ်။ သူ့ကြောင့် ပြေးတဲ့ ရဲတွေ ၂၆ ယောက်လောက်ရှိသွားပြီ ရဲတွေကိုလည်း ပေါ်တာဆွဲ ခိုင်းတယ်ရဲတွေကို ပိုက်ဆံရှာခိုင်းတယ် ရဲတွေက မလုပ်ချင်ကြဘူး။ စခန်းမှာ သူနဲ့ သိပ်မကြည်တဲ့လူများတယ်။ သူနဲ့မတည့်ရင် စစ်ဆင်ရေး နယ်မြေတွေကို ပို့ပစ်တယ်လို့သိရတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ လာဘ်စားမှု၊ ကြီးနိုင်ငယ်ညှဉ်းလုပ်ဆောင်မှု၊ အာဏာအလွဲသုံးစားမှုများ ကျူးလွန်နေသည့်အပေါ် တိုင်ကြားလိုသော်လည်း တိုင်ကြားသူကို သိရှိပါက ပြန်လည် ဂလဲ့စားချေ ချောက်ချ အရေးယူမည်ကို စိုးရိမ်နေကြသဖြင့် မတိုင်ရဲကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article