28 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း ယနေ့ မွန်းလွဲပိုင်း အလွန်သိသာ ခံစားရသော ငလျင် လှုပ်ခတ်သွား

Must read

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံတစ်ဝန်း ယနေ့မွန်းလွဲပိုင်း အလွန်သိသာခံစားရသော အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်အထိ ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ငလျင်ဒဏ်ကို သိသိသာသာခံစားရပြီး မန္တလေး၊ ပခုက္ကူ၊ ယင်းမာပင်၊ မြ၀တီ၊ မော်လမြိုင်၊ ကျိုက်မရော၊ မြောင်းမြ စသည့် မြို့နယ်များအားလုံးတွင် သိသာစွာ ခံစားရကြောင်း သိရှိရသည်။

“ငလျင်က ပြင်းလည်း ပြင်းတယ်။ အချိန်လည်းကြာတယ်။ လူကို ခါရမ်းနေတာပဲ” ဟု ရန်ကုန်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ချင်းမိုင်မြို့တွင်ရောက်ရှိနေကြသော မြန်မာများကလည်း ယနေ့မွန်းလွဲပိုင်းတွင် မြန်မာပြည်နှင့်တစ်ချိန်တည်း ငလျင်လှုပ်မှုခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article