ရန်ကုန်၊ မတ် ၂၈
မန္တလေး၊ ရွှေမူဆယ်စားသောက်ဆိုင်နှင့် လူနေအိမ် ပြိုကျသွားပြီး လူများ ပိတ်မိနေပြီး မီးသတ်တစ်ဦး၊ အုပ်ကြီးနှင့်ရာအိမ်မှူးတချို့က လာရောက်ကြည့်ရှု ကယ်ဆယ်ရန် လုပ်ဆောင်နေသော်လည်း ပစ္စည်းကိရိယာမရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး ၃၆ လမ်း၊ ၇၀×၇၁လမ်းကြားရှိ ရွှေမူဆယ် စားသောက် ဆိုင်နှင့် နေအိမ် အလုံးလိုက်ပြိုကျသွားပြီး အတွင်းတွင် လူ ၄ ဦးထက်မနည်း ပိတ်မိနေကြောင်း သိရှိရသည်။
“အိမ်အလုံးလိုက်အနောက်ဖက်အိမ်အပေါ် ပြိုကျနေတာ။ ၄ ယောက်ပိတ်မိနေတယ်။ ကယ်ဆယ်ရေးကတော့ မရှိဘူး။ အခု ၁ နာရီကျော်နေပြီ။ အုပ်ကြီးနဲ့ ရာအိမ်မှူးတချို့၊ မီးသတ် ၁ ဦးပဲရှိတယ်။ ဘာပစ္စည်းကိရိယာမှ လည်းမရှိဘူး” ဟု ဒေသပြည်သူက ဆက်လက်ရှင်းပြသည်၊
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





