30 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံတစ်ဝန်း ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာပဲ အလွန်ပြင်းထန်တဲ့ ငလျင် လှုပ်ခတ် သွားပြီး ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတံတားဟောင်းပါ ကျိုးကျသွားသလို ၊ အောင်ပန်းမြို့က ဟိုတယ် အောင်ပန်း ၃ ထပ်တိုက်လည်း အလုံးလိုက် ပြိုကျသွားပြီး ၊ တစ်ဖက်က မန္တလေးမြို့မှာလည်း တိုက်ပြိုကျမှုတွေတော်တော်များထားတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာတင် စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားမှုကြောင့် နေအိမ်တိုက်တာပြိုကျမှု တွေဟာ မန္တလေး ၊ စစ်ကိုင်း နဲ့ အောင်ပန်းမြို့တွေမှာ အထိခိုက်အများဆုံးဖြစ်နေပြီး ကူညီကယ် ဆယ်ရေး တွေပါ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မင်းအောင်လှိုင် က ထိုင်းနိုင်ငံမှာလုပ်မယ့် BIMSTEC အစည်းအဝေးတက်ဖို့ ဧပြီလ ၃ ရက်နေ့မှာ စစ်တပ်အထူးလေယာဉ် Fokker 70 နဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို သွားရောက်မယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article