29 C
Yangon

မန္တလေးတွင် အသက် ၅ နှစ်အရွယ်ကလေး၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအပါအဝင် ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ညတွင်းချင်း ကယ်တင်

Must read

ရန်ကုန်၊ မတ် ၃၁

တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ် အမျိုးသမီးတို့ကို တရုတ်နှင့် မြန်မာကယ်ဆယ်ရေးသမားများက မတ်လ ၃၁ ရက်နေ့ မနက် အစောပိုင်းတွင် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

မန္တလေးမြို့တွင် မတ်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ် နှင့် ၆ နာရီ ၂၀ မိနစ်တို့တွင် တရုတ်နှင့် မြန်မာကယ်ဆယ်ရေးသမားများက ညလုံးပေါက် အင်တိုက်အားတိုက် ဆက်လက်ကယ်ဆယ်ရာကနေ အသက်ရှင်ကျန်ရစ်သူ (၄) ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကယ်ထုတ်ချိန်တွင် ကလေး၏ အသက်ရှင်လက္ခဏာများ ကောင်းမွန်ခဲ့ပြီး ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်(Great Wall Hotel)တွင် ပိတ်မိနေသော အမျိုးသမီး ၁ ဦးကိုလည်း မတ်လ ၃၁ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က မြန်မာကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့်အတူ ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ပုံ – Chinese Embassy in Myanmar

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article