29 C
Yangon

ငလျင်ဒဏ်ခံစားရသော မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူ အညီများကို KIO နှင့် ကချင်လူထုက ပံ့ပိုးကူညီမည်ဟု ကြေညာ

Must read

ရန်ကုန်၊ မတ် ၃၁

မြေငလျင်ဘေးဒဏ်ခံစားရသော ဒေသများမှ မြို့ ရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို KIO နှင့် ကချင်လူထုတစ်ရပ်လုံးက တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့- KIO က ကြေညာချက်ထုတ်ပြန်သည်။

KIO တပ်ဖွဲ့ဝင်များအနေဖြင့် မြေငလျင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန် အခက်အခဲရှိနေသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ည မပြတ် အားကျိုးမာန်တက် ဆောင်ရွက်နေကြသည့် အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ နိုင်ငံတကာမှ လာရောက်ကူညီသည့် အဖွဲ့အစည်းများကိုလည်း အထူးလေးစားကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း KIO က ပြောသည်။

ထို့ပြင် အင်အားအလွန်ပြင်းသော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအတွင်းရှိ မြို့ရွာများတွင် လူ့အသက်များစွာ သေဆုံး ပျောက်ဆုံး ထိခိုက်ဒဏ်ရာရခြင်း၊ လူနေအမ်များ၊ အဆောက်အဦများ ပြိုပျက်ပျက်စီး လမ်းတံတား ပြိုကျခြင်းနှင့် လူနေမှုဘဝများစွာ ပျက်စီးဆုံးရှုံးရခြင်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသဖြင့် KIO နှင့် ကချင်လူထုတစ်ရပ်လုံး ထပ်တူကြေကွဲဝမ်းနည်းရကြောင်း KIO က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article